1 Chapter 1 : အလကား​ပေး​တောင်​ မစီး​တော့ဘူး

လေယာဉ်​ကွင်းမှာ လူ​တွေ လူ​​တွေသူ့တို့ကိစ္စနဲ့သူတို့ သွားလာ​နေကြတာ။ စီးပွား​ရေးသမား​တွေ မိသားစု​တွေ က​လေးတစ်​ပြုံတစ်​​ခေါင်း​နဲ့ ​ပြေးလွှားသွားလာ​နေကြတာ ဆပ်​ကပ်​တစ်​ခုထဲ ​ရောက်​သွားသလိုပဲ။ ပင်​ပန်း​နေတာ​တွေ​တောင်​ သူတို့ကို ကြည့်​ရင်းဘယ်​​ရောက်​သွားမှန်းကို မသိပါဘူး။ ​လေယာဉ်​​ပေါ် မတက်​ရ​သေးလို့သာ မျက်​စိအ​ညောင်းခံပြီး ကြည့်​​နေရတာ။

"မီရာမီ ဖ​လော်​ရီဒါသို့သွားမယ့်​ ​လေယာဉ်​အမှတ်​ 186သို့ တက်​လို့ရပါပြီ" ဆိုတဲ့ အမျိုးသမီးရဲ့ ​ကြော်​ညာ​သံကိုကြားရမှပဲ စိတ်​ချမ်းသာ​တော့တယ်​။

"အခုမှပဲ" ကျွန်​မထိုင်​​နေတဲ့ ​နေရာ​လေးကထပြီး ဒီဆပ်​ကပ်​လိုလူအုပ်​ကြီးရဲ့ အ​ဝေးကို ထွက်​လာခွင့်​ရ​တော့တယ်​။ လမ်းမှာ လူ​တွေကို တိုးလိုက်​ရတာ တစ်​ချို့ဆို ကျွန်​မကိုများ မသတီသလို ကြည့်​​နေကြတာ။ အဲ့လိုကြည့်​တဲ့သူ​တွေအများစုကလဲ ချမ်းသာတယ်​လို့ ထင်​ရတဲ့သူ​တွေနဲ့ ကျွန်​မကို ရှိ​နေတယ်​လို့​တောင်​မထင်​ပဲ ​သူတို့က​လေး​တွေ​နောက်​လိုက်​ဖို့ ​ကျော်​မယ်​ခွမယ်​ကြံ​နေတဲ့ သူ​တွေနဲ့ စိတ်​ပျက်​မိပါတယ်​။ ​လေယာဉ်​တံခါးဝက အမျိုးသမီးကို လက်​မှတ်​ပြပြီးမှပဲ ​ရှေ့ဆက်​နိုင်​​တော့တယ်​။ အခုမှပဲ ​လေယာဉ်​​ပေါ်မှာ စိတ်​ချမ်းသာသာ​နေရ​တော့တယ်​။

လေယာဉ်​​ခုံ​ပေါ်မှာ ထိုင်​ပြီးမှပဲ ကျွန်​မရဲ့ အမကို ဘယ်​​လောက်​နဲ့ဘယ်​​လောက်​ နှိပ်​စက်​ချင်​မှန်းသိလာ​တယ်​။ ​ပထမအချက်​က ​လေယာဉ်​စီးရမှာ မကြိုက်​မှန်းသိတဲ့ကျွန်​မကို ​ဖ​လော်​ရီဒါ လာခိုင်းတယ်​။ ဒုတိယအချက်​က လွန်​ခဲ့တဲ့ နှစ်​ရက်​​လောက်​ကမှ သိလိုက်​ရတဲ့ သူ​ယောကျာ်း​ယူ​တော့မယ်​ဆိုတာရယ်​။ တတိယအချက်​က​တော့ ကျွန်​မက သူ့ရဲ့ အရံသတိုးသမီး လုပ်​​ပေးရမယ်​ဆိုပဲ။ စတုတ္ထအချက်​က​ ကျွန်​မ ​လေယာဉ်​စီးရတာကို သိပ်မုန်းတယ်​​​။ ​နောက်​ဆုံးအချက်​​တော့ ကျွန်​မကို ဘာမှမတိုင်​ပင်​ပဲ ​လေယာဉ်​​လက်​မှတ်​ဝယ်​​​ပေးပြီး သုတ်​​ခြေတင်​ ထွက်​လာခိုင်းတာပဲ။

အာ!!! ကျွန်​မရဲ့ အမ ဂျူလီယာ အတို​ကောက်​ ဂျူးက​တော့ ၂၅နှစ်​ရှိ​နေပြီကို ၁၆နှစ်​က​လေးကို လုပ်​​ပြီး လပိုင်းပဲ​တွေ့ရ​သေးတဲ့ ​ယောကျာ်းတစ်​​ယောက်​ကို ယူ​တော့မယ်​​ပြောလာ​တော့ သူတို့နှစ်​​ယောက်​ တကယ်​ချစ်​သွားကြတာလား မဟုတ်​ရင်​​တော့ သူ့ဘဲက ​တော်​​တော်​ပိုက်​ဆံရှိ​နေလို့ပဲဖြစ်​မှာပါ။ ဂျူကသူ့ရဲ့ ဖူးစာဖက်​ကိုရှာ​တွေ့ဖို့အတွက်​ ရည်းစားထည်​လဲ​တွဲ​နေတာဆို​တော့လည်း မ​ပြောတတ်​ပါဘူး။ ကျွန်​မက​တော့ ရည်းစားထားဖို့​နေ​နေသာသာ ကိုယ့်​အတွက်​ကိုယ်​​တောင်​ အချိန်​မ​လောက်​လို့ ​သေချင်​​စော်​နံ​နေတာ။ ရည်းစားမထားဘူးတဲ့သူလို့​တော့ မထင်​ပါနဲ့။ အရင့်​အရင်​က​တော့ ထားဖူးတာ​ပေါ့ အခုက​တော့ တကယ်​ကို အချိန်​မ​လောက်​ဘူး။ ဘာလို့မ​လောက်​လည်းဆို​တော့လည်း တစ်​ပတ်​မှာ ၅ရက်​ အလုပ်​လုပ်​ရတယ်​​။ အလုပ်​နားတဲ့ ၂ရက်​မှာ ​ကောလိပ်​အတွက်​ Online သင်​တန်း​လေး​တွေတက်​ရ​သေးတယ်​ ပြီး​တော့ အခုလတ်​တ​လောမှ ဝယ်​ထားတဲ့ အိမ်ကိုလည်း အမှန်​​ပြောရရင်​ အိမ်​အိုကြီးကိုလည်း ပြန်​ပြင်​​နေရ​သေးတယ်​ဆို​တော့ ဘယ်​မှာလဲ ကျွန်​မအတွက်​ အားလပ်​ချိန်​။

ကျွန်​မက အသက်​၂၃နှစ်​ဆို​ပေမယ့်​ ကိုယ့်​ဟာကို ရင့်​ကျက်​မှုမရှိသလို ခံစား​နေရတယ်​။ အမက ငယ်​ငယ်​ကတည်းက ပြသာနာအရမ်းလုပ်​လို့ အသက်​၁၈နှစ်​မှာ အိမ်​​ပေါ်က နှင်​ချခံလိုက်​ရတယ်​​လေ။ ကျွန်​မအတွက်​တော့ အမတစ်​​ယောက်​ထဲ မ​နေတတ်​ဖြစ်​မှာ​ဆိုးလို့ဆိုပြီး အမနဲ့အတူ အိမ်​​ပေါ်က ဆင်းလာခဲ့တာ​​ပေါ့။ အစပိုင်းမှာ​တော့ သူငယ်​ချင်းနဲ့​နေတယ်​။ ​နောက်​ပိုင်းကျ​တော့ နိုင်​ငံသားကတ်​အတုတစ်​ခုရ​လို့ စားပွဲထိုးအလုပ်​လုပ်​ပြီး ညီမနှစ်​​ယောက်​ တိုက်​ခန်းငှါး​နေဖြစ်​ကြတယ်​။ ကျွန်​မတို့ဆီမှာ အသက်​၁၆နှစ်​ဆို အလုပ်​​ပေးမလုပ်​​တော့ နိုင်​ငံသားကဒ်​အတုနဲ့ အသက်​၁၈နှစ်​ပါလို့ လိမ်​ရတာ အမက အလုပ်​မလုပ်​ချင်​​တော့ ကျွန်​မပဲလုပ်​ရ​တော့တာ​ပေါ့။ နှစ်​​ယောက်​ထဲက တစ်​ယောက်​က​တော့ ဝမ်းစာရှာရမှာပဲ​လေ။ အမအသက်​၂၀ပြည့်​​တော့ သူ ကယ်​လီဖိုးနီးယားကို ထွက်​သွားခဲ့တယ်​။ ကျွန်​မက​တော့ အိုဟိုင်းယိုးမှာပဲ အလုပ်​လုပ်​ပြီး ကျန်​​နေခဲ့ရတယ်​။ အမက အဲ့ဒီအချိန်​ကစပြီး ​နေရာအနှံ့​လျှောက်​သွားတယ်​ ပြီးရင်​ အပတ်​တိုင်းကျွန်​မကို ဗီဒီယို Call ​ခေါ်ပြီး သူ့ရဲ့ အ​တွေ့အကြုံ​တွေ သူတွဲ​နေတဲ့ဘဲ​တွေအ​ကြောင်း​ပြောပြတာ ကြာ​တော့ နား​တောင်​ငြီးလာတယ်​။

ထူးထူးခြားခြား တစ်​နှစ်​​လောက်​ သူ့ဆီက ဘာမှမကြားရ​တော့ပါလားလို့ ​တွေး​နေကာမှ ရုတ်​တရက်​ဆက်​သွယ်​လာပြီး သူမင်္ဂလာ​ဆောင်​​တော့မယ်​တဲ့ ကျွန်​မအတွက်​လည်း ​လေယာဉ်​လက်​မှတ်​ဝယ်​ထားပြီးပြီတဲ့ အခုထွက်​လာခဲ့​တော့ဆိုပြီး ဗြုန်းစားကြီး ​ပြောလာ​တော့တာပဲ။ ကျွန်​မက အမကို ချစ်​ပါတယ်​ ဒါ​ပေမယ့်​လည်း တစ်​ခါတစ်​​လေကျရင်​ အခုလို​တွေလုပ်​လွန်းလို့ သူ့ကို စိတ်​ရှိလက်​ရှိ ကိုင်​​ပေါက်​ပစ်​ချင်​တယ်​။

လေယာဉ်​​ပေါ်က ကျွန်​မရဲ့ ​နေရာ​လေးမှာထိုင်​ပြီး La-La Land ဆိုတဲ့ သီးချင်း​လေးကို ညည်း​နေကာမှ တစ်​​ယောက်​​ယောက်​ ကျွန်​မကို အနံလာခံ​နေတယ်​လို့ ခံစားလိုက်​ရတယ်။ လှည့်​ကြည့်​လိုက်​ကာမှ အသက်​၂၀ဝန်းကျင်​​လောက်​ရှိမယ်​လို့ထင်​ရ​တဲ့ ​ယောကျာ်းတစ်​ယောက်​​ရောက်​​နေတယ်​။ သူ့ပုံစံက​ ဆံပင်​အညိုရင့်​ မျက်​လုံးကလည်း အညိုရင့်​နဲ့ ​ယောကျာ်းပီသတဲ့ ​မေရိုးကားကားပုံစံကို ပိုင်​ဆိုင်​ထားတယ်​။ကျွန်​မကို ပြုံးပြလိုက်​တာ သူ့ရဲ့ သွား​ဖွေး​ဖွေး​တွေကို​ပေါ်လို့။

"ဘာကူညီ​ပေးရမလဲ" လို့​မေးလိုက်​မိပါတယ်​။ ​နောက်​မှ သတိထားမိတာ သူ့မျက်​နှာကြီးက ကျွန်​မနားမှာ ​တော်​​တော်​ကပ်​​နေတာပဲ။

အဲ့ဘဲကြီးနဲ့​ ​ဝေးရာကို သွားမယ်​ဆိုကာက "နင့်​ရဲ့ အနံက ​ကောင်းလိုက်​တာ" လို့​ပြောလာတယ်​။

"အိုး ​ကျေးဇူးတင်​ပါတယ်​။ အခု​တော့ ကျွန်​မကို အနံလိုက်​ခံ​နေတာ ရပ်​ပြီး ​ဝေး​ဝေးသွားပါ​တော့"လို့ ကျွန်​မ အတတ်​နိုင်​ဆုံး ယဉ်​ယဉ်​​ကျေး​ကျေး​လေး​ပြောလိုက်​တာပဲ။

ကျွန်​မကို အဲ့ဘိုး​တော်ကထပ်​ပြုံးပြလိုက်​​သေးတယ်​ ပြီးမှ သူ့​နေရာသူသွားထိုင်​လို့ ​တော်​​သေးတာ​ပေါ့။

ကျွန်​မကိုစိုက်ကြည့်​​နေတာ ​ကြောက်​စရာ​ကောင်းလိုက်တာ။ အနားက​နေ ​လေယာဉ်​မယ်​လှလှ​လေးဖြတ်​သွားမှ ကျွန်​မကို စိုက်​ကြည့်​တာ ရပ်​​တော့တယ်​။

လေယာဉ်​လည်း စထွက်​မယ်​​ပြော​ကော ကျွန်​မဖြင့်​​ကြောက်​လိုက်​တာ။ ဒါ​ကြောင့်​ ​လေယာဉ်​စီးရ​တာကို ​သေ​လောက်​​အောင်​မုန်းတာပဲ။ လက်​ကိုခုံမှာ ကျစ်​ကျစ်​ပါ​အောင်​စုတ်​ထားရတာ က​လေး​ထွက်​ခါနီး ညစ်​​နေရတဲ့ မီး​နေသည်​လိုပဲ။ ​ကြောက်​စိတ်​နဲ့ ရင်​​တွေအရမ်းခုန်​လာတာ ​ပေါက်​ကွဲမတတ်​ပဲ။

"​လေယာဉ်​စီးရတာကို ​ကြောက်​​နေတာလား"လို့ ​ဘေး​နားက​နေ ​စော​စောက လူရဲ့ အသံကို ကြားလိုက်​ရတယ်​။ အသံကြား​ပေမယ့်​လည်း မသိချင်​ဟန်​​ဆောင်​ ဆက်​​ကြောက်​​နေတယ်​။ အမကိုပဲ အပြစ်​​တွေ တင်​​နေမိတယ်​။ ​တွေ့လို့က​တော့ မလွယ်​ဘူးမှတ်​ အမ​ရေ။

လေယာဉ်​စထွက်​ဖို့ ဘီးလိမ့်​​လေ​လေ ကျွန်​မ ပိုပို​ကြောက်​လာ​လေ​လေ​။ မျက်​လုံးကို အ​သေပိတ်​ လက်​ကို ကျစ်​ကျစ်​ပါ​အောင်​ ဆုတ်​ထားရတယ်​။ ​ကြောက်​လိုက်​တာ။ ​လေယာဉ်​​ပေါ်က​​နေ ပြန်​ခုန်​ဆင်းချင်​စိတ်​​တောင်​ ​ပေါက်​တယ်​။

" က​လေးမ​လေးလို ​လေယာဉ်​စီးရမှာ ​ကြောက်​​နေတယ်​တဲ့လား" ​စော​စောကလူ ကျွန်​မ​ဘေးနားက​နေ လာ​ပြော​နေတယ်​။ သူ့ကို စိတ်​ထဲမထားပဲ အမကိုပဲ ဘယ်​လိုလက်​စားပြန်​​ချေရမလဲ ​တွေး​နေလိုက်​တယ်​။

လေယာဉ်​က ဖြည်း​ဖြည်း​လေးထွက်​​နေတာ ဒီက​ကြောက်​လို့​သေ​​တော့မယ်​။ မြန်​မြန်​အ​ပေါ်တက်​​တော့။ ​လေယာဉ်​လည်းအ​ပေါ်စတက်​​ရော အနားမှာ တစ်​​ယောက်​​ယောက်​ လာအနံခံ​နေသလိုပဲ ခံစားလိုက်​ရ​ပြန်​​ရော။ "ရှင်​​ရူး​နေတာလား ကျွန်​မနားက မြန်​မြန်​ဖယ်​" လို့ ​အံကြိတ်​ပြီး ​ပြောလိုက်​မိတယ်​။ ​ကြောက်​လွန်းလို့ ​ဒေါသထွက်​ဖို့​တောင်​ အားမရှိ​တော့ဘူး။

ဒင်း!!!ဆိုတဲ့ အသံကြားမှ မျက်​လုံးကိုဖွင့်​လိုက်​တယ်​။ ခါးပတ်​က မီးလင်း​နေတာဆို​တော့ အခု​ဝေဟင်​​ပေါ်​ရောက်​​နေပြီဆိုတာပဲ။ အခုမှပဲ စိတ်​ချမ်းသာရာရ​တော့တယ်​။ ကျွန်​မရဲ့ ညာခြမ်းကို လှည့်​ကြည့်​​လိုက်​​တော့ ​စော​စောက အနံလိုက်​ခံ​နေတဲ့ နှာဘူးတစ်​​ယောက်​ ရှိတာမ​တွေ့​တော့မှပဲ အလုံးကြီးကျသွား​တော့တယ်​။

ကြည့်​ရတာ အဲ့တစ်​​ယောက်​ နည်းနည်းများ ​ဂေါက်​​နေတာလား ဒါမှမဟုတ်​ လူသတ်​သမားများလား။ လူသတ်​မယ့်​ရုပ်​​တော့ မဟုတ်​​လောက်​ပါဘူး ရုပ်​ရည်​​လေးက သန့်​သန့်​​လေးနဲ့။ ​ပြောမရဘူး​လေ အခု​ခေတ်​က အပြင်​ပိုင်းနဲ့ လူတစ်​​ယောက်​ကို ခွဲခြားလို့မှမရတာ။ လူသတ်​ကား​တွေလည်း အများကြီးကြည့်​ထားဖူး​တော့ ရုပ်​​ချောတိုင်းလည်း လူ​ကောင်းပါလို့ ​ပြောမရ​ဘူး။

"​မဟုတ်​တရုတ်​ ​တွေး​နေတာ​တွေ ရပ်​လိုက်​​တော့" လို့ ကိုယ့်​စိတ်​ကို ပြန်​သတိ​ပေး​နေရတယ်​။

အခုမှ ​လေယာဉ်​​ပေါ်က လူ​တွေကို လှည့်​ပတ်​ကြည့်​ပြီး အကဲခတ်​​နေမိတယ်​။ တစ်​ချို့က စီးပွား​ရေးသမား​တွေနဲ့တူတယ်​ တစ်​ချို့ကြ​တော့ ​အေး​ဆေးတဲ့လူ​တွေ စာအုပ်​​လေး​တွေဖတ်​လို့ ကိုယ်​စီကိုယ်​စီ​နေ​နေကြတာ။ အမျိုးသမီး​တွေကိုကြည့်​ရတာလည်း ဆံပင်​သပ်​သပ်​ရပ်​ရပ်​နဲ့ အရမ်းကို ကြည့်​လို့​ကောင်းကြတာပဲ။ ကျွန်​မရဲ့ အညို​ရောင်​ ဆံပင်​ရှည်​ကြီးက​တော့ မျက်​နှာနားမှာ ဝဲကျ​နေတာပဲ။ ဝတ်​ထားတာက​လည်း အမဲ​ရောင်​ တီရှပ်​နဲ့ အပြာ​ရောင်​ဂျင်း​ဘောင်းဘီ​လေးကို ​ပေါ့​ပေါ့ပါးပါးဆိုပြီး ဝတ်​လာလိုက်​တာ။ အ​ပေါ်က အမဲ​ရောင်​ ဂျက်​ကပ်​ အမဲ​ရောင်​ ဘွတ်​ဖိနပ်​ဆို​တော့ ​ဘောင်းဘီကလွဲပြီး တစ်​ကိုယ်​လုံး မဲ​နေတာပဲ။ ကျွန်​မကိုယ်​တိုင်​ကလည်း အမျိုးသမီးဆန်​ဆန်​မဝတ်​တတ်​​။ အခုလို ​ပေါ့​ပေါ့ပါးပါး​လေး​တွေ ဝတ်​တာကိုပဲ အကျင့်​ဖြစ်​​နေပြီ။

ကျွန်​မရဲ့ မြင်​ကွင်း​ရှေ့ကို အမဲ​ရောင်​ဂျင်း​ဘောင်းဘီ အဖြူ​ရောင်​ကိုယ်​ကျပ်​ဝတ်​ထားတဲ့ လူတစ်​​ယောက်​က ဝင်​လာတယ်။ ခန္တာကိုယ်​မှာလည်း ကြွက်​သား​တွေနဲ့ ​တောင့်​တင်း​နေတာပဲ။ အ​ပေါ်ကို ဆက်​ကြည့်လိုက်​​တော့ အညို​ရောင်​ဆံပင်​ အညို​ရောင်​မျက်​လုံး ဖြူ​ဖွေး​နေတဲ့ သွား​တွေကို ပိုင်​ဆိုင်​ထားတဲ့ လူ။ ​စောနကလူ။ ​သေချာကြည့်​မှ သူ့ရဲ့နှုတ်​ခမ်း ​မေး​စေ့ ​မေးရိုး​တွေမှာ ​စော​တွေအရမ်းကြိုက်​​တဲ့ နှုတ်​ခမ်း​မွှေး​ရေး​ရေး​လေး​တွေ​ပေါက်​​နေတာပဲ။ သူ့ကြည့်​ရတာ လူချာလူခန့်တစ်​​ယောက်​ပါပဲ ကျွန်​မကို သူ့ကြိုက်​မလား လာ​မေးရင်​​တော့ NOပါ ဘာလို့လည်းလို​တော့ လာမ​မေးပါနဲ့။

"​မော်​ဂန်​လား" လို့ အသံသြသြနဲ့​ပြောလာ​တော့ မျက်​လုံးပင့်​ပြီး​တော့ သူ့ကို ကြည့်​မိတယ်​။ " နာမည်​က ​မော်​ဂန်​လား"

"ဘယ်​လိုသိတာလဲ" ကျွန်​မ သိလိုစိတ်​နဲ့ ​မေးလိုက်​မိတယ်​။ သူနဲ့ကျွန်​မနဲ့လည်း သိတာမှမဟုတ်​တာ ကျွန်​မနာမည်​ကို ဘယ်​လိုသိသွားတာပါလိမ့်​။

"ကျွန်​​​တော်​ ခင်​ဗျား​နောက်​က တစ်​​ယောက်​ကို​ပြော​နေတာ" လို့ ကျွန်​မ​ဘေးနားလာထိုင်​ပြီး ရယ်​ရွှမ်းရွှမ်းလာ​ပြော​နေတယ်။ မုန်းဖို့​ကောင်းလိုက်​တာ။

"ဒါဆို ရှင်​က​ကော"လို့ ​ကောင်း​ကောင်းမွန်​မွန်​ပဲ ​မေး​ပေးလိုက်​ပါတယ်​။ အနည်းဆုံး​တော့ ကျွန်​မကို အနံလာမခံ​နေဘူး​လေ။

"​ဂျေ့စ်​" ဆိုပြီး ပြုံးပြုံးကြီး​ပြောလာတယ်​။

ကျွန်​မအသိအမှတ်​ပြု​ပေးတဲ့ အ​နေနဲ့ ​ခေါင်း​လေး ငြိမ့်​ပြပြီး ပြတင်း​ပေါက်​ဘက်​လှည့်​​နေလိုက်​တယ်​။ ၂နာရီ​တောင်​ စီးရမယ့်​ ​လေယာဉ်​ဆို​တော့ တစ်​​ရေး​လောက်​အိပ်​ပြီး လိုက်​မှဖြစ်​မယ်​။ အမကိုပဲ စိတ်​တိုချင်​လာတယ်​။ ဒါ​တွေက သူ့​ကြောင့်​ပဲ အခုလို ​ကြောက်​​ကြောက်​နဲ့ လိုက်​လာရတာ။ ကျွန်​မရဲ့ ပါးပြင်​ကို ပူ​နွေး​နွေး​လေ​ငွေ့​တွေလာတိုက်​​တော့မှ ​ဒေါသ​တွေ ​ထောင်းကနဲ ထွက်​လာ​တော့တယ်​။ သည်းမခံနိုင်​​တော့ဘူး။

"ရှင်​ကျွန်​မကို ဒီလိုဆက်​ပြီး အနံလိုက်​ခံ​နေမယ်​ဆိုရင်​​တော့ ရှင့်​နှာ​ခေါင်းကိုဖြတ်​ပြီး ရှင့်​လည်​ပြွန်​ကိုပါ ပိတ်​ပစ်​လိုက်​မယ်​" လို့ သူ့မျက်​လုံးကို တည့်​တည့်​ကြီးပြီး ​ပြောပလိုက်​တယ်​။ ကျွန်​မနားကို အရမ်းလာကပ်​​နေတာ နည်းနည်း​လေး​ရွေ့မိတာနဲ့ နမ်းမိ​တော့​အောင်​ပဲ။ ဘုရား​ရေ ဒီလူဘာများလိုသွားတာပါလိမ့်​။

အဲ့တစ်​​ယောက်​ ရီပြီး သူ့​နေရာသူပြန်​သွားခဲ့လို့​တော်​​သေးတယ်။ ကျွန်​မ​လေ သူ့ကိုယ်​​ပေါ်ကို ​သောက်​မြင်​ကတ်​ပုဒ်​မနဲ့ အန်​ချလိုက်​ချင်​တယ်​။ ​လေယာဉ်​​မယ်​​လေးတစ်​​ယောက်​​ရောက်​လာမှပဲ ကျွန်​မစိတ်​ချမ်းသာ​တော့တယ်​။ ဘာ​ကြောင့်​လဲဆို​တော့ ဟိုတနှာရူးက ​လေယာဉ်​မယ်​နဲ့ကျူ​နေတာကိုး။

"မင်္ဂလာပါ အခု​ပြော​နေတာက​တော့ သင်​တို့ရဲ့ ​လေယာဉ်​​မှူးပဲဖြစ်​ပါတယ်​။ American ​လေ​ကြောင်းလိုင်းကို စီးနှင်း​ပေးတဲ့အတွက်​ အထူး​ကျေးဇူးတင်​ပါတယ်​။ အခု​ဆိုရင်​ ​လေယာဉ်​စဆင်း​တော့မှာ ဖြစ်​ပါတယ်​" လို့ မိုက်​က​နေ အမျိုးသားအသံထွက်​လာတယ်​။

လေယာဉ်​က စဆင်း​​နေပြီဆို​တော့ အနည်းငယ်​ခါသွားလို့ အတက်​တုန်းကလို ပြန်​​ကြောက်​လာ​သေးတယ်​။ ​ဘေးက​နေ ရယ်​သံကြားလိုက်​ရ​သေးတယ်​။ ​ဘေးကလူ​တော့ ​သေ​တော့မယ်​။ ကျွန်​မကို နည်းမျိုးစုံ နှိပ်​စက်​​နေတာ။ ​​လေယာဉ်​​ပေါ်က​နေ ဆင်းရင်​ သူနဲ့ထပ်​​တွေ့စရာအ​ကြောင်းမရှိ​တော့လို့သာ သည်းခံ​နေတာ။

၁၅မိနစ်​​လောက်​လည်း ကြာပြီး​ရော ​လေယာဉ်​လည်း ​မြေပြင်​​ပေါ်​ရောက်​​ရော။ ​Jaceတစ်​​ယောက်​ ကျွန်​မ​နောက်​က​နေ တ​ကောက်​​ကောက်​လိုက်​လာတာ ​ကြောက်​​တောင်​​ကြောက်​လာတယ်​။ ကျွန်​မသူ့ကို မျက်​​စောင်း​တွေ ထိုး​ကျွေး​နေတာကို ရီရီ​မော​မောပဲ လိုက်​လာ​နေ​သေးတယ်​။ ဒီလူက​တော့ ​တော်​​တော်​လွတ်​​နေ​လောက်​ပြီ။ ​လေယာဉ်​ကွင်းအ​ဆောက်​အအုံထဲလည်း​ရောက်​​ရော လူ​တွေကများလွန်းလို့ ကျွန်​မကို လာကြိုမယ့်​ ဂျူးကို မနည်းရှာရတယ်​။ ကြည့်​သာကြည့်​​နေတာ ဂျူး ရဲ့ အရိပ်​အ​ရောင်​​တောင်​မ​တွေ့ရပါလား။ ​နောက်​မှ "​မော်​ဂန်​ စတုန်း"လို့​ရေးပြီးကိုင်​ထားတဲ့ စာ​လေးကို​တွေ့မှပဲ စိတ်​ချ​ရ​တော့တယ်​။

အဲ့နားကိုသွား​တော့ နာမည်ကို ကိုင်​ထားတဲ့သူက သက်​​တော်​​စောင့်​လိုလိုဘာလိုလို ပုံစံနဲ့။ "​မော်​ဂန်​ စတုန်း" လားလို့ ကျွန်​မကို ​သေချာကြည့်​ပြီး ​မေးလိုက်​​သေးတယ်​။ "​နောက်​ကလိုက်​ခဲ့ပါ" တဲ့။

လိုက်​ခဲ့ဆို​တော့လည်း လိုက်​သွားရ​တာ​ပေါ့...

ပထမအပိုင်း ပြီးပါပြီ!!!

အခုမှ စပြီး ဝတ္ထုကို ဘာသာပြန်​တာမလို့ အမှား​လေး​တွေ ​အ​ရေးအသားမ​ပြေတာ​လေး​တွေရှိရင်​ သည်းခံပြီးဖတ်​​ပေးကြပါလို့။ ​နောက်​အပိုင်း​တွေကျရင်​ စာ​ရေးဆရာနီးနီး အ​ရေးအသားတိုးတက်​လာ​အောင်​ ကြိုးစားပါမယ်​လို့။ အား​ပေးတဲ့သူ အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။

တစ်​ပတ်​တစ်​ပိုင်း အဆင်​​ပြေသလို တင်​​ပေးသွားပါမယ်​လို့။

avataravatar