webnovel

Chapter 9 ရွဲ့လော်

" မှော်ဆေးပညာရှင် ... ? "

မေးလိုက်တဲ့စကားကို ကြားလိုက်ရတော့ ရှောင်ယွင် ခဏ

ရပ်တန့်သွားပြီး

" ဒိုချိတိုက်ဒေသမှာ အားလုံးက မှော်ဆေးပညာရှင်ဖြစ်ချင်

ကျတယ်... ဒါပေမဲ့ ဆေးပညာရှင်တယောက်ဖြစ်လာဖို့ဆို

တာ လွယ်တာမှ မဟုတ်တာ... ခက်ခဲတဲ့ လိုအပ်ချက်တွေ

အများကြီး... "

ပြောနေရင်း ရုတ်တရက် ရပ်လိုက်ပြီး ခေါင်းမော့လိုက်၏။

" ဒါဆို ဒီလိုအပ်ချက်တွေက ကျွန်တော့်နဲ့ ကိုက်ညီနေ

တယ်ပေါ့.. "

စိတ်လှုပ်ရှားသွားပြီး ရွှင်မြူးသွားတဲ့ ရှောင်ယွင်ကို

ကြည့်ရင်း သူ့မုတ်ဆိတ်မွှေးကိုသာ ဖြည်းဖြည်းစွာ ပွတ်သပ်

နေ၏။ စက္ကန့်အနည်းငယ်အကြာ ကြည့်နေပြီးနောက်

" မင်းမှာ အရည်အချင်းမပြည့်မှီပေမဲ့ မင်းကို ငါအကြွေးတင်

နေတယ်ဆိုတော့ အင်း အခု ပြန်ဆပ်ရတော့အချိန် ရောက်

ပြီးပေါ့.. "

အင်တင်တင်ဖြစ်နေတဲ့ လူကြီးကို ကြည့်ပြီး ဒီလူကြီး

ငါ့ကို အရည်အချင်းမပြည့်မီဘူးလို့လိမ်ပြောနေတာ

ဟုတွေးလိုက်မိ၏။ ဘာကြောင့်လဲဆိုတာ မစပ်စုမိချေ။

စိတ်လှုပ်ရှားနေမိသော်လည်း မယုံသင်္ကာ ဖြစ်နေတုန်းပဲ။

" အရည်အချင်းမပြည့်မီဘူးဆိုရင်တောင်မှ မှော်ဆေး

ပညာရှင်ဖြစ်ဖို့က တခြားမှော်ဆေးပညာရှင်က ပညာသင်

ပေးမှရမှာ.. ဒါဆို ခင်ဗျားက မှော်ဆေးပညာရှင်လား.. "

မယုံသင်္ကာဖြစ်နေတဲ့ ရှောင်ယွင်မျက်နှာကို မြင်တော့

ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ဂုဏ်ယူတဲ့လေသံမျိုးဖြင့်

" ဟုတ်တာပေါ့ကွ.. ငါက မှော်ဆေးပညာရှင်တယောက်ပဲ."

" ဆရာကြီး.. စိတ်မရှိပါနဲ့.. ဆရာကြီး အရင်တုန်းက

မှော်ဆေးပညာရှင် အဆင့်ဘယ်လောက်ရောက်ခဲ့လဲ..? "

ရှောင်ယွင် နှုတ်ခမ်းသပ်လိုက်ပြီး လေးစားစပြုနေတဲ့

အသံမျိုးဖြင့် မေးလိုက်၏။

ဒိုချိကုန်းမြေမှာ မှော်ဆေးပညာရှင်တာ အင်မတန်ကို

ရှားပါးလှ၏။ မှော်ဆေးပညာရှင်မှာလည်း အဆင့်တွေ

ခွဲထားပါသေး၏။ အနိမ့်ဆုံး အဆင့် ၁ ကနေ အမြင့်ဆုံး

အဆင့်၉ အထိ ခွဲထား၏။ နလန်ရိရွမ် ယူဆောင်လာတဲ့

Dou အတွင်းစွမ်းအင်စုစည်းဆေးကို စီရင်ထားတဲ့

မှော်ဆေးဘုရင် ကုဟီ ဆို အဆင့်၆ မှော်ဆေးပညာရှင်

တယောက်ဖြစ်ပြီး ဂျားမာအင်ပါယာမှာဆို ထိပ်တန်း

မှော်ဆေးပညာရှင်လို့ သတ်မှတ်ထားသည်။

" ဘာအဆင့်ပါလိမ့်... ဟီဟီ မမှတ်မိတော့ဘူး...

ဟေ့ ချာတိတ် မင်းသင်မှာလား မသင်ဘူးလားပြော.. "

ခေါင်းခါပြီးစဉ်းစားလိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် မေး

လိုက်၏။

" ရတယ် ရတယ် မမေးတော့ဘူး.. ကျွန်တော် သင်ချင်ပါ

တယ်.. "

ရှောင်ယွင် မစဉ်းတော့ဘဲ ခေါင်းသေးသေးကိုသာ တွင်

တွင် ညိတ်လိုက်၏။ မှော်ဆေးပညာရှင်ဆိုတာ တိမ်မြူဂိုဏ်း

လို အင်အားကြီးတဲ့ဂိုဏ်းတောင်မှ အထူးတလည် လေးစား

ရသည်မဟုတ်လား.. ။

" ဟီဟီ သင်ချင်တယ်လား.. ဟုတ်ပြီး.. သင်ချင်တယ်ဆို

ကိုယ့်ဆရာကို ပထမဆုံး အရိုအသေပေးသင့်တယ်.. "

ဟုပြောပြီး အနားရှိ အစိမ်းရောင်ကျောက်တုံးပေါ်မှာ

တင်ပျဉ်ခွေချိတ် ထိုင်လိုက်သည်။

" ကိုယ့်ဆရာကို အရိုအသေပေးဖို့ လိုမယ်..?? "

" ဟာသပဲ.. ကိုယ့်ဆရာကို အရိုအသေမပေးဘဲနဲ့ ငါသိ

သမျှတွေကို သင်ချင်သေးတယ်.. အိမ်မက် မမက်နေနဲ.."

စိတ်ပျက်တဲ့အမူအရာ ပေါ်လွင်နေတဲ့လူကြီးကို ကြည့်ပြီး

ဆရာနှင့်တပည့်ကျင့်ဝတ်ကို အရမ်းဂရုစိုက်တဲ့ ရှေ့ရိုးစွဲ

စာအုပ်ကြီးသမား တယောက်ဟုတွေးလိုက်မိ၏။

တပည့်ရင်းဖြစ်ဖို့အတွက် သုန်မှုန်နေတဲ့ မျက်နှာပေးနှင့်

မတတ်သာစွာ ကိုယ်ကို ကိုင်းညွတ်ပြီး အရိုအသေပေး

လိုက်၏။

ရှောင်ယွင် အရိုအသေပေးပြီးသည်ကို ကြည့်ကြီး

ကျေနပ်အားရစွာ ခေါင်းကို ညိတ်လိုက်၏။ ရင်နှီးတဲ့

လေသံမျိုးဖြင့် " ငါ့နာမည်က ရွဲ့လော် (药老)(ဒါကို

တိုက်ရိုက် ပြန်ရရင် အိုမင်း-ဆေး ).. ငါ့ရဲ့ အတိတ်

အကြောင်းကို အခုတော့ သိစရာမလိုသေးဘူး။

အဲ့ဒီအတွက် ခေါင်းရှုပ်ခံနေစရာမလိုဘူး.. သိထားရမှာ

တခုက အဲ့ဒီ မှော်ဆေးဘုရင်ဆိုတာ ငါ့မျက်စိထဲမှာတော့

အမှိုက်သာသာပဲ.. "

အေးဆေးတဲ့ဟန်ပန်နှင့် လူကြီးကို ကြည့်ရင်း

ရှောင်ယွင်၏နှုတ်ခမ်းထောင့် တွန့်ချိုးသွား၏။ "ဘယ်လို

လူကြီးပါလိမ့်.. ဂျားမားအင်ပါယာတခွင် ကျော်ကြားလှတဲ့

ဆေးဘုရင်ကုဟီဆိုတာ သူ့မျက်လုံးမှာ အမှိုက်သာသာတဲ့

လား.. ဒီအကြောင်းကိုသာ သိခဲ့ရင် ဂျားမားအင်ပါယာ

တခွင်လုံး ဒီလူကို စိတ်ရောဂါသည်တယာက်လို့ ထင်မိမှာပဲ.. "

အသက်ကို ဖြည်းညှင်းစွာ ရှုရှိုက်လိုက်ကာ အံ့သြမှုကို

ဖြေလျော့လိုက်၏။ မျက်လုံးလေးကလယ်ကလယ်

ရယ်ချင်ချင်ဖြင့် " ဆရာ... တနှစ်အတွင်း အဆင့်၇ ရောက်

အောင် ဆရာဘယ်လိုကူညီပေးမှာလဲ.. ?" ။

" ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မင်းရဲ့ Dou ချီအတွင်းအားတွေ

က ယုတ်လျော့ခဲ့ပေမဲ့ အခြေခံအုတ်မြစ်က သူများတွေ

ထက် ပိုတည်ငြိမ်ပြီး ခိုင်မြဲခဲ့တယ်.. Dou ချီအတွင်းအား

လေ့ကျင့်ခြင်းမှာ အခြေခံအုတ်မြစ်က အရေးကြီးဆုံးပဲ..

နောက်ပြီး သုံးနှစ်တာကာလအတွင်း အကျိုးအမြတ်လည်း

ရရှိခဲ့တယ်.. "

ရွဲ့လော်၏ ပြုံးနေသော မျက်နှာမှာ တဖြည်းဖြည်း

လေးနက်တဲ့အသွင် ကူးပြောင်းသွားသည်။

ရှောင်ယွင် ကြက်သေသေ သွားမိ၏။ သူ့၏ခွန်းအား

ယုတ်လျော့ခဲ့ရတဲ့ အဖြစ်ကနေ အကျိုးအမြတ်ရရှိခဲ့သည်

ဟု ဘယ်သူ့ကိုမှ မပြောခဲ့မိချေ။

" ဒါဆို မှော်ဆေးပညာရပ်ကို ဘယ်အချိန်မှာ ဆရာ

စသင်ပေးမှာလဲ.? "

အရေးကြီးဆုံးအရာကို တွေးမိ၍ စကားလမ်းကြောင်းပေး

လိုက်၏။

" မှော်ဆေးပညာရှင်တယောက် ဖြစ်ဖို့အတွက်

မင်းမှာ မီးသတ္တိပါဝင်တဲ့ Dou အတွင်းစွမ်းအင်ရှိဖို့လိုမယ်..

အဲ့ဒီအတွက် မှော်ဆေးပညာရပ် စတင်လေ့လာဖို့ ရှိသင့်

ရှိထိုက်တဲ့ Dou Zhe အဆင့်ကိုလည်းရောက်ရှိနေဖို့ လို

မယ်။ ဒါဆိုရင် မီးသတ္တိနှိုးဆွပေးမဲ့ Dou ချီအတွင်းအား

ကျင့်စဉ် စကျင့်လို့ရပြီး.. "

" မီးသတ္တိနှိုးဆွပေးတဲ့ မီးအတွင်းအားကျင့်စဉ်? ဟဲဟဲ

ကျွန်တော်က အခု ဆရာ့တပည့်ဖြစ်နေပြီးဆိုတော့ တျန်း

အဆင့်လောက်ရှိတဲ့ မီးအတွင်းအားကျင့်စဉ်ကို ဆရာ

ပေးမယ်ပေါ့ ဟုတ်တယ်မလား.. "

ရှောင်ယွင် ရယ်မောလိုက်ကာ မေးလိုက်ပြီး လက်ဝါးဖြန့်

လိုက်၏။

ရှောင်ယွင်၏စကားကို ကြားလိုက်တဲ့အခါ စိတ်ဆိုးမာန်

ဆိုးဖြင့် အော်ငေါက်လိုက်၏။

" ဘုရားရေ တျန်းအဆင့် အတွင်းအားကျင့်စဉ်ကို

မြေကြီးထဲက အားလူးလို ပေါပေါပဲပဲရမယ်လို့ တကယ်ထင်

နေတာလား.. ဘယ်လိုပြောရက်လိုက်တာလဲကွာ.. "

" အဘိုးကြီး.. အခု ကျွန်တော့က တပည့်အရင်းဖြစ်နေပြီး

ပဲ.. ကျွန်တော့်မျိုးနွယ်ထဲက အတွင်းအားကျင့်စဉ်ကိုတော့

ပေးမယူခိုင်းလောက်ပါဘူးနော်... ဟုတ်တယ်မလား...

ရှောင်မျိုးနွယ်ရဲ့ ထိပ်တန်း မီးအတွင်းအားကျင့်စဉ်က

ဟွာင်းအဆင့် အမြင့်တန်း ပဲ ရှိတာ.. အဲဒါက မှော်ဆေး

ပညာရှင်အတွက် စုတ်ချာပါတယ်ဗျာ.. "

ရှောင်ယွင်မျက်နှာမှာ အတော်စိတ်မချမ်းမသာဖြစ်နေ၏။

" ဆိုးပေ..ငါက မင်းဆရာ .. အဘိုးကြီး မဟုတ်ဘူး.. "

ရိုသေမှု လုံးဝမရှိသော စကားသံ ကို နားထောင်ပြီး

ရွဲ့လော် စိတ်ပျက်သွားပြီး နားလည်လိုက်၏။

အသက်ကြီးတဲ့သူ့ကို လေးစားကောင်းရမှန်းလည်း

ရှောင်ယွင် ဂရုမစိုက်တတ်မှန်း သဘောပေါက်သွားသည်။

" အဟမ်း.. မင်းဟာ ငါ့တပည့်ဖြစ်နေပြီး။ စုတ်ချာတဲ့

ကျင့်စဉ်တွေကို မလေ့ကျင့်ခိုင်းပါဘူး.. တျန်းအဆင့်

ကျင့်စဉ်က ငါ့မှာ မရှိပါဘူး.. ဒါပေမဲ့ ပုံမှန် တျန်းအဆင့်

ကျင့်စဉ်ထက်တောင် ပို ကြမ်းတဲ့ ကျင့်စဉ်တော့ရှိတယ်..

အဲဒါကို လေ့ကျင့်ချင်လား.. "

ရွှဲ့လော်၏ ပျင်းတွဲတွဲမျက်ဝန်းမှာ အကြံတခုရလာဟန်

ဖျတ်ခနဲ ဖြစ်သွား၏။

" တျန်းအဆင့် ကျင့်စဉ်ထက် ပိုကြမ်းတဲ့ ကျင့်စဉ်..? "

ရှောင်ယွင် ရင်ခုန်သံမြန်သွား၏။ တံတွေးကို ဂလုခနဲမြိုချ

လိုက်၏။ သူ့၏မျက်ဝန်းမှာ စိတ်ဝင်စားမှုအရိပ်အယောင်

မြင်နေရ၏။

" ဒါဆို အဲ့ဒီကျင့်စဉ်က ဘယ်လို အဆင့်လဲ... "

" အနိမ့်တန်း ဟွာင်းအဆင့် ကျင့်စဉ်. "

ရွဲ့လော် ပေါ့ပေါ့လေး ရယ်မောပြောလိုက်ပေမဲ့ ရှောင်

ယွင်မျက်နှာပျက်သွားပြီး ဒေါပွသွား၏။

" အဖိုးကြီး... နောက်နေတာလား.. "

ရှောင်ယွင်ဒေါသအသံက တောင်ထိပ်တခွင် ပျံ့လွင့်

သွား၏

မျက်နှာတပြင်လုံး ရှံ့မဲ့နေသော ရှောင်ယွင်ကို ကြည့်ပြီး

ရွဲ့လော် တဟားဟား ကျယ်လောင်စွာ ရယ်မောလိုက်

သည်။ ဒေါသပြေစပြုနေပြီးဖြစ်တဲ့ ရှောင်ယွင်ကို

ဒေါသူပုန်ထအောင်လုပ်လိုက်ရ၍ ကျေနပ်အားရသွား၏။

ကျီစယ်လိုက်ရ၍ ကျေနပ်နေတဲ့ ရွဲ့လော်ကို ကြည့်

ပြီး ချက်ချင်းသဘောပေါက်သွားကာ စိတ်ပြန်လျှော့

လိုက်၏။

" အဲဒီ့ကျင့်စဉ်က ဘာထူးခြားတာရှိလို့လဲ.. ?"

" ဒီကျင့်စဉ်က ဆင့်ကဲပြောင်းလဲနိုင်တယ်... "

ရှောင်ယွင် မျက်လုံးပြူးကာ မျက်တောင်ပင် မခတ်မိချေ။

ရွဲ့လော်၏မျက်နှာကို အသေအချာစူးစမ်းကြည့်၏။ လိမ်နေ

တဲ့ အရိပ်အယောင် မတွေ့ရပေ။ စက္ကန့်အတော်ကြာ စူးစမ်း

နေပြီးနောက် ခေါင်းခါလိုက်ကာ

" Dou အတွင်းအားကျင့်စဉ် အဆင့်တွေ ဆင့်ကဲပြောင်း

လဲနိုင်တယ်ဆိုတာ တခါမှ မကြားဖူးဘူး... "

" ဟွန့်... မင်းဘာတွေသိထားလဲ...ဒိုချီကုန်းမြေဒေသက

ကြီးမားကျယ်ပြန့်တယ်.. ထူးဆန်းတဲ့လူတွေ.. ထူးဆန်းတဲ့

အရာတွေ အချိန်တိုင်းဖြစ်ပျက်နေတာ..။ မင်း ဦးနှောက်

သေးသေးလေးနဲ့.. ဂျားမာအင်ပါယာအပြင်တောင် ထွက်ဖူး

တာမဟုတ်ဘူး..... မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စအကြောင်းအရာ

တော်တော်များများတောင် တကယ်ဖြစ်သွားနိုင်တယ်.."

ရှောင်ယွင် စကားဖြတ်မေးလိုက်၏။

" ဒါဆို အဆင့်မြှင့်တင်နိုင်တဲ့ ကျင့်စဉ်ရှိတယ်ဆိုတာ ကြား

ဖူးလား.. ? "

ရွဲ့လော် မျက်နှာကအပြုံးတင်းသွားပြီး .. " တခြားကျင့်

စဉ်တွေနဲ့ လုံးဝမတူဘူး.. အဲဒါကြောင့် ထူးခြားတဲ့ကျင့်စဉ်

လို့ပြောရတာပေါ့.. "

" ကျင့်စဉ်အသွင်ပြောင်းသွားပြီး အဆင့်တိုးနိုင်တယ်

ဆိုတာ ဟုတ်တယ်နော်.. ??"

ရွဲ့လောင်၏ တည်ကြည်လေးနက်တဲ့ မျက်နှာကို

ကြည့်၍မနေနိုင်စွာ ထပ်မေးလိုက်ပြန်သည်။

" အင်း ကျင့်စဉ်ကို အဆင့်မြင့်သွားအောင် လုပ်လို့ရတယ်.."

ရွဲ့လော် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

" ဆရာ ကျင့်ကြည့်ပြီးပြီးလား.. "

" ဟင်းအင်း.. "

" တခြားသူတွေရော... ? "

" ဟင်းအင်း.. "

ရှောင်ယွင်နဖူးပေါ်က သွေးကြောတွေ ထောင်လာ၏။

လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး အရှေ့ကလူကြီးကို

ပြေးထိုးချင်စိတ် ကို မနည်းထိန်းထားရသည်။

" တယောက်မှလည်း မစမ်းကြည့်ခဲ့ဘူး.. အောင်မြင်ဖို့ဆို

တာဝေသေး... ဒါနဲ့များ ဆင့်ကဲပြောင်းနိင်တယ်လို့ ပြော

နိုင်ရတာလဲ.. ? "

" ကျင့်စဉ်ကျမ်းမှာ အဲလိုပဲ ရှင်းပြထားတယ်.. "

" ဒီလိုကျင့်စဉ်မျိုး တကယ်ရှိတယ်ပေါ့လေ.. !!? "

ရှောင်ယွင် မျက်မှောင်ကြုံ့၏။ ထို့နောက် ခန စဉ်းစား

လိုက်ပြီး " ကျင့်စဉ်ကျမ်းကို ခဏပြလို့ရမလား.. "

" ဟီိဟီိ.. "

သိချင်စိတ်ပြင်းပြနေတဲ့ ရှောင်ယွင်ကိုကြည့်ပြီး ပြန်ပြော

လိုက်တဲ့ ရွဲ့လော်ရဲ့စကားက ရှောင်ယွင် မျှော်လင့်ထား

တဲ့ စကား မဟုတ်ခဲ့ပေ။

"မပူပါနဲ့ အခုကြည့်လည်း ဘာမှမထူးဘူး...

ဘာလို့ဆိုတော့ Dou Zhe အဆင့်မှမရောက်သေးတာကိုး..

ပထမဆုံး မင်းကို Dou Zhe အဆင့်ရောက်အောင် လုပ်

ပေးရဦးမယ်.. "

အတော်ကြာ နှုတ်ခမ်းရှုံ့မဲ့သွားပြီး လက်ဝါးဖြန့်ထားတာ

ကို ပြန်ရုပ်လိုက်ပြီးနောက် ရှောင်ယွင် ဒေါနှင့်မောနှင့်

လွှတ်ခနဲ ပြောလိုက်၏။

" ခင်ဗျားက အတော်အကြင်နာမဲ့ ရက်စက်တဲ့ လူကြီး..!"

ရှောင်ယွင်၏ဒေါသအခိုးနှင့် ပြည့်နှက်နေတဲ့ အကြည့်တွေ

ကို လျစ်လျူရှုလိုက်ပြီး အားပါးတရ ရယ်လိုက်ပြီးနောက်

" ဟားဟား အခု ငါတို့အထူးတာဝန်က တနှစ်အတွင်း

မင်းရဲ့ ဒိုချီစွမ်းအင်ကို အဆင့် ၇ အထိ ပြန်ရောက်အောင်

လုပ်ပေးဖို့ပဲ.. "

ကျင့်စဉ်အကြောင်း စပ်စုချင်စိတ်နှင့်ဒေါပွနေတာကို

ခနမျိုသိပ်လိုက်ပြီး ရှောင်ယွင် သွားကြိတ်ပြီးမေးလိုက်၏။

" အဆင့် ၇ ရောက်အောင် ဘယ်လိုလုပ်ကြမလဲ.. ? "

ရွဲ့လော် မျက်နှာတည်ကြည်သွားပြီး လေးနက်စွာဖြင့်

" လူတယောက်ဟာ Dou ချီိအတွင်းအားကို စတင်လေ့

ကျင့်တော့မယ်ဆိုရင် အဓိကလုပ်ဖို့က ကြွက်သားတွေ

သန်မာအောင် တည်ဆောက်ပြီး ခန္ဓာကိုယ်အတွင်းက

ချီလမ်းကြောင်းကို သန်းစွမ်းအောင် ပြုပြင်ရမယ်...

အတွင်းစွမ်းအင်ကို စုစည်းဖို့အတွက် အခြေခံကောင်း

အောင် ကြိုပြင်ဆင်ထားတဲ့သဘောပဲ.. အသက်ငယ်တဲ့

အချိန်မှာ ချိလမ်းကြောင်းတွေ အားနည်းနေသေးတယ်..

ပုံစံသွင်းလို့ရသေးတယ်.. တဆင့်ပြီးတဆင့် ပုံမှန်လေ့ကျင့်

သွားရမယ်.. ပြင်ပဆေးဝါး ဒါမှမဟုတ် တခုခု ကို သုံးပြီး

အလောတကြီး ကျင့်လို့မရဘူး.. Dou ချီအတွင်းအားက

မြင့်ပြီး ချီအတွင်းအားလမ်းကြောင်းက အားနည်းနေ

မယ်ဆိုရင် Dou ချီအတွင်းအားရဲ့ တွန်းကန်မှုကို

ချီအတွင်းအားလမ်းကြောင်းက တောင့်ခံနိုင်မှာ မဟုတ်ဘူး

သွေးကြော ပေါက်ထွက်သွားနိုင်ပြီး သေသွားနိုင်တယ်.."

ရွဲ့လော်ပြောတာကို ရှောင်ယွင် ကောင်းကောင်း

သဘောပေါက်သည်။ ရှောင်ယွင် အတွင်းစွမ်းအင် ပျောက်

ကွယ်ပြီး ဒုက္ခိတ ဖြစ်သွားချိန်မှာ သူ့အဖေ စိုးရိမ်ပြီး ရှောင်

ယွင်ကိုယ်ထဲကို အတွင်းစွမ်းအင် ပို့လွှတ်ဖူးသည်။ဒါပေမဲ့

စက္ကန့်ပိုင်းသာ ကြာပြီးရပ်လိုက်ရ၏။ အဲဒါကြောင့် ဒီအချက်

ကို ရှောင်ယွင် နားလည်ထားသည်။

တည်တည်ငြိမ်ငြိမ်နားထောင်နေတဲ့ ရှောင်ယွင်ကို

ဝေ့ကြည့်လိုက်ကြည့်ပြီး ရွဲ့လော် ကျေနပ်စွာ ခေါင်းညိတ်

လိုက်၏။

" ဒါပေမဲ့ ဒီအချက်က သူများအတွက် သတိထားရမှာ..

မင်းက သူများနဲ့ မတူဘူး.. မင်းရဲ့ အခြေခံက လွန်ခဲ့တဲ့ သုံး

နှစ်ကတည်းက အခြေပိုင်ပြီး စိတ်ချနေရပြီး... မင်းရဲ့

ပင်ကိုယ်စရိုက်ကြောင့် ဒုက္ခိတဖြစ်နေချိန်မှာတောင်

အတွင်းအားလေ့ကျင့်တာ မပျက်ကွက်ခဲ့ဘူး.. အဲဒါကြောင့်

အခု မင်းရဲ့ အခြေခံက အလွန်ကောင်းနေပြီးလို့ ငါပြောနိုင်တယ်.. "

" ဒါဆို ပြင်ပအကူပစ္စည်းသုံးပြီး လေ့ကျင့်လို့ရပြီးပေါ့..

မှော်ဆေးလုံးဆိုရင်ရော.. ? "

" သိပ်ရတာပေါ့.. ဒါပေမဲ့ အခုမင်းရဲ့ချီအတွင်းအားလမ်း

ကြောင်းရဲ့ ခံနိုင်ရည်နဲ့ဆို အတွင်းအားလမ်းကြောင်းကို သုံး

ပြီး အတွင်းစွမ်းအင် ကိုစုပ်ယူလို့ မရနိုင်သေးဘူး..

အတွင်းစွမ်းအင်စုစည်းဆေးလို အခြေခံဆေးကိုတောင်မှ

သုံးလို့ မရသေးဘူး.. "

" အခြေခံဆေး.. ရိုးရိုးဆေး.. ? "

ရှောင်ယွင် စိတ်ပျက်သွားချင်စိတ် ထပ်ပေါက်သွား၏။

ဂျားမာအင်ပါယာမှာ အတွင်းစွမ်းအင်စုစည်းဆေးဟာ မိုးထိ

အောင် ဈေးမြင့်လှ၏။ အခု အတွင်းစွမ်းအင်စုစည်းဆေး

ဆိုတာ အခြေခံလောက်ပဲရှိတဲ့ဆေးတဲ့။ မတူညီတဲ့

စကားနှစ်ခုကြားမှာ ရှောင်ယွင် အူလည်လည်ဖြစ်နေသည်။

ရှောင်ယွင် အိနြေ္ဒပြန်ဆယ်ပြီး အသက်ပြင်းချလိုက်၏။

မျက်မှောင်ထပ်ကြုံ့လိုက်ပြီး

" ဒါဆို ဆက်လုပ်မဲ့ အစီအစဉ်က.. ? "

" အင်း ဆေးအစွမ်းတွေက ပြင်းထန်တော့ မင်းကိုထိခိုက်

လိမ့်မယ်... မပြင်းမပျော့တဲ့ နည်းလမ်းသုံးရမယ်.. "

ရွဲ့လော် ပြုံးပြီး ဆက်ပြောသည်။ " မနက်ဖြန် ငါ့အတွက်

ပြင်ဆင်ထားပေး. အပြာရောင်မြက်ပင်က ရတဲ့

ခရမ်းရောင်အရွက်ရိုးတံ သုံခု.. သက်တမ်းရင့်လေ ကောင်းလေပဲ..

နောက်ပြီး.. အရိုးဆေးကြောပန်းပွင့်ရဲ့ ညှာတံနှစ်ခု...

သူက သက်တမ်း အနုအရင့်ရွေးဖို့မလိုဘူး.. အင်း ဟုတ်ပြီး

ပထမအဆင့် သစ်သားသတ္တိရှိတဲ့ မွန်းစတားအမြူတေ

တခုလောက်ရှာခဲ့ပေး .. အားလုံးက အဆင့်နိမ့်ပစ္စည်းတွေပဲ

ရှာလို့ရမှပါ.. အိုး.. တယောက်ယောက်လာနေပြီး..

လက်စွပ်ထဲ ပြန်ဝင်တော့မယ်.. ပြီးတော့ ငါအကြောင်းကို

ဘယ်သူကိုမှ မပြောမိစေနဲ့.. အရင်းနှီးဆုံးမိသားစုဝင်ကို

တောင်မှ မပြောမိစေနဲ့"

( ပထမအဆင့်က အနိမ့်ဆုံးပါ အဆင့်တက်သွားလေ ကြမ်းလေ)

" အပြာရောင်မြက်ပင်က ရတဲ့ ခရမ်းရောင်အရွက်ရိုးတံသုံးခု?

အရိုးဆေးကြောပန်းပွင့်ရဲ့ ညှာတံနှစ်ခု? ပထမအဆင့်

သစ်သားသတ္တိရှိတဲ့ မွန်းစတားအမြူတေ ဟုတ်လား?

အဖိုးကြီး သေချာရဲ့လား.. ကျွန်တော့်ကို တော်ဝင်မင်းသား

လို့ထင်နေလား..ဒါတွေအားလုံးက ရွှေဒင်္ဂါးအပြားတထောင်

လောက်ကျတယ်.. ပြီးခဲ့တဲ့နှစ်တုန်းက အစားလည်း ရှောင်

ပြီး ဇိမ်ခံပစ္စည်းလည်း ဝယ်မသုံးဘဲ ပိုက်ဆံစုတာတောင်

ရွှေဒင်္ဂါး အပြား ၄၀၀ ပဲရခဲ့တာ.. ဒါနဲ့ဝယ်ရင် မွန်းစတား

အမြူတေပဲ ဝယ်နိုင်မှာ.. "

တုတ်တုတ်တောင် မလှုပ်တဲ့ လက်စွပ်ကို ကြည့်ပြီး

ဖရုဿဝါစာ စကားကို ယဉ်ကျေးစွာ ဆဲလိုက်၏။

" အဲဒါက မင်း ဖြေရှင်းရမဲ့ ကိစ္စပဲ.. ဟဟ.. တခြားသူတွေ

က ငါ့ရဲ့ အတွင်းအားမြှင့်တင်တဲ့ဆေးရည်ကို ငမ်းငမ်းတက်

လိုချင်နေကြတာ.. ငါကမင်းကို ပစ္စည်းရှာခိုင်းရုံပဲ ရှိသေး

တယ်.. မင်းက ညည်းပြနေပြီး.. "

ရွဲ့လော် ရဲ့ မခံချိမခံသာစကားသံကို ရှောင်ယွင်နှလုံးသား

အတွင်းထဲကနေ ကြားလိုက်ရ၏။

" ပြဿနာပဲ.. မှော်ဆေးပညာရှင်လိုတဲ့ပစ္စည်းကို လူချမ်း

သာတွေပဲ ထောက်ပံပေးနိုင်မယ်.. "

ရှောင်ယွင် အားကိုးရာမဲ့စွာ ခပ်ဟဟ ရယ်လိုက်သည်။

သူရဲ့ တစ်လစာခံစားခွင့်က ရွှေဒင်္ဂါး အပြား ၂၀ ပဲရှိတာ..

ဒါကို နည်းတယ်လို့ ပြောလို့မရပါဘူး.. ဒီပမာဏဟာ

မိသားစုငယ်တစုကို တနှစ်လုံး ကောင်းကောင်း

စားသောက်နိုင်သည်။ အခု သူ့မှာရှိတဲ့ ပိုက်ဆံက ရွဲ့လော်

မှာထားတဲ့ ပစ္စည်းတခုပဲ ဝယ်နိုင်တယ်.. ဒါဟာ

မှော်ဆေးပညာရှင်နဲ့ တခြားသူတွေရဲ့ ကွာခြားချက်တခုပဲ..

" ဟူး ကြည့်ရတာ တယောက်ယောက်ဆီကနေ ပိုက်ဆံ

ချေးမှရတော့မယ် "

ရှောင်ယွင် စိတ်ပျက်ပျက်နဲ့ အသက်ပြင်းမှုတ်ထုတ်

လိုက်သည်။ စိတ်တည်ငြိမ်အောင် ပြန်ထိန်းလိုက်၍

သူ့မျက်နှာငယ်လေးမှာ နဂိုတည်ငြိမ်တဲ့ပုံစံ ပြန်ဖြစ်လာ၏။

တောင်တက်လမ်းဆီကို လှည့်ကြည့်လိုက်တဲ့အခါ

ခရမ်းရောင်ပုံရိပ်တခု ဝိညာဉ်တကောင်လို တောင်ပေါ်

တက်လာနေသည်ကို မြင်လိုက်ရ၏။

******