webnovel

Chapter 7 ပြတ်စဲခြင်း

နလန်ရိရွမ် ထင်သလိုမဖြစ်လာခဲ့ဘူး။ သူမ၏အထင်နှင့်

အမြင် တလွဲဖြစ်လာခဲ့၏။ သူမ၏ မက်လုံးစကားကို

ကြားလိုက်ရတဲ့အခါမှာ ရှောင်ယွင် တကိုယ်လုံး တုန်ခါ

သွားသည်။ နဂိုမူလ ငယ်ရွယ်ချောမောတဲ့ မျက်နှာဟာ

ခက်ထန်ကြမ်းကြုတ်လာပြီး နလန်ရိရွမ်ကို ရက်စက်စွာ

ကြည့်လိုက်သည်။

လွန်ခဲ့တဲ့သုံးနှစ်ကာလအတွင်းမှာ မရေတွက်နိုင်

လောက်တဲ့ ထိကပါးရိကပါး ရန်စစောင်းချိတ်တာတွေ

ကို ကြုံတွေ့ခဲ့ရပေမဲ့ သည်းခံမြိုသိပ်နိုင်ခဲ့သည်။ဒါပေမဲ့

ဒီနေ့ နလန်ရိရွမ်ရဲ့လုပ်ရပ်ဟာ ရှောင်ယွင်ရဲ့ ရှိစုမဲ့စု

ဂုဏ်သိက္ခာကို စုတ်ပြတ်သွားအောင် နင်းခြေသကဲ့သို့

ဖြစ်သွားသည်။

" အားး "

ရှောင်ယွင်ရဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာကြည့်ပြီး

နလန်ရိရွမ် နောက်ဆုတ်မိသည်။ သူမဘေးနားက

လူငယ်သည် ဓားလက်ကိုင်ကို အသင့်ကိုင်ထားလိုက်ပြီး

ရှောင်ယွင်ကို အေးစက်စက်ကြည့်လိုက်သည်။

" ငါ မင်းကို သတ်ချင်တယ်... "

သွားကြိတ်ပြီး ပြောလိုက်တဲ့ ရှောင်ယွင်စကားလုံးတွေ

မှာ သတ်ဖြတ်ချင်တဲ့စိတ်တွေ ထင်ရှားနေသည်။

လက်သီးကို တင်းတင်းဆုပ်ထားပြီး မျက်လုံးမှာ

ဒေါသမီးတောက်တွေ တဟုန်းဟုန်းထတောက်မတတ်..

"ရှောင်ယွင်... မရိုင်းနဲ့ စိတ်ထိန်းစမ်း... "

ရှောင်ယွင်အပြုအမူကြောင့် ရှောင်ကျန်း ထိတ်လန့်သွား

ပြီး အလျင်အမြန်ဟန့်တားလိုက်သည်။ အခုလက်ရှိ

ရှောင်မျိုးနွယ်အင်အားနှင့် တိမ်မြုဂိုဏ်းကို ဆန့်ကျင်ဖို့

ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ..

ရှောင်ယွင် ခေါင်းငုံ့ထားလိုက်သော်လည်း လက်သီး

ကတော့ တင်းတင်းဆုပ်ထားဆဲပဲ။ အားမတန်၍

မာန်လျှော့ရလေခြင်း။ ခဏအကြာမှာ ရှောင်ယွင်

ဖြည်းလေးစွာ ခေါင်းပြန်မော့လိုက်သည်။ ကြောက်စရာ

ကောင်းအောင် ဒေါသထွက်နေတဲ့ မျက်နှာကနေ

တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့တဲ့မျက်နှာဆီကို လုံးဝ

ပြောင်းလဲသွားပါလား...

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ခွဲခြားဆက်ဆံပြီး ခနခနရန်စ

ခံရခြင်းကြောင့် ရှောင်ယွင်ဟာ အရွယ်နှင့်မလိုက်

အောင် ခံစားခဲ့ရသည်။ အရင်ကထက် ပိုရင့်ကျက်လာ

ပြီး ခံစားချက်ကိုလည်း မျိုသိပ်တတ်လာသည်။

မျက်နှာမှာလည်း ဘာမှမဖြစ်သလို ဟန်ဆောင်တတ်

လာသည်။

ရုတ်တရက် ပြောင်းလဲပစ်လိုက်တဲ့ ရှောင်ယွင်ကို

ကြည့်ပြီး ကုရဲ နဲ့ နလန်ရိရွမ်တို့နှစ်ယောက် ရင်ထဲ

အေးစိမ့်သွားပြီး လန့်သွားသည်။

ဒီကလေးသာ ဆက်ပြီး အသုံးမဝင်ခဲ့ရင် ဒီစေ့စပ်

ထားကိုဖျက်သိမ်းတာဟာ စိုးရိမ်စရာမရှိပါဘူး။

ဒါပေမဲ့ တကယ်လို့ သူသာ စွမ်းပကား ပြန်ရခဲ့ရင်

တကယ့်အန္တရာယ်ရှိတဲ့လူ လို့ သတ်မှတ်ရလိမ့်မယ်...

ကုရဲ တည်ကြည်လေးနက်စွာ တွေးလိုက်မိ၏

" ရှောင်ယွင်... ငါ့ရဲ့လုပ်ရပ်ဟာ နင့်ကို အဲ့လောက်

ဒေါသထွက်စေနိုင်တယ်ဆိုတာ ငါမသိလိုက်ဘူး။ဒါပေမဲ့

မင်္ဂလာဆောင်ဖို့ ကိစ္စကို နင်စွန့်လွှတ်ရမယ်... "

ရှောင်ယွင် ကြောက်စိတ်ကို ဖယ်ထုတ်လိုက်ပြီး အသက်

ပြင်းပြင်းရှုလိုက်ကာ မျက်နှာမာမာ ဖြင့် ပြောလိုက်

သည်။

" သိထားဖို့က ရှောင်မျိုးနွယ်ဆီလာဖို့ ငါ့ဆရာ

တိမ်မြူဂိုဏ်းချုပ်ဆီက ခွင့်ပြုချက် ရထားပြီးသား... "

နလန်ရိရွမ် နှုတ်ခမ်းရွဲ့ပီး ပြောလိုက်သည်။

" ဒီလိုတောင်းဆိုတာဟာ တဖက်သတ်ဆန် အနိုင်ကျင့်

တယ်လို့ ထင်ကောင်းထင်လိမ့်မယ်... ဒါပေမဲ့

အမှန်တရားက ခါးတယ်... မျှတမှုမရှိဘူးဆိုတာ...

သဘောပေါက်နားလည်သင့်တယ်...

ဒီကိစ္စဟာ အဓိပ္ပါယ်မရှိဘူးဆိုရင်တောင်... ငါတို့နှစ်

ယောက်ရဲ့ အဆင့်တွေ အရမ်းကွာခြားတယ်ဆိုတာ

နားလည်သင့်တယ်.. ငါတို့နှစ်ယောက် ပေါင်းစည်း

နေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး.... "

နလန်ရိရွမ် ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ကြားလိုက်

သည့်အခါ ရှောင်ယွင် အထင်သေးစွာဖြင့်ပြုံးလိုက်သည်"

" မိန်းခလေးရိရွမ်... ဒီလောကမှာ မိန်းခလေးဘက်

ကနေ လက်ထပ်ဖို့ကို နောက်ဆုတ်လိုက်တာဟာ

သတို့သားဘက်ကို ဘယ်လောက်တောင် အကျပ်

အတည်း ဖြစ်စေတယ်ဆိုတာ သဘောပေါက်သင့်တယ်

အများအမြင်မှာ အရှက်ရစေနိုင်တာကို နားလည်သင့်

တယ်... ဟဲဟဲ ကျွန်တော်ကတော့ အဲလိုအရှက်ကွဲမှာ

ကို ဂရုမစိုက်ပါဘူး.... ဒါပေမဲ့ မျိုးနွယ်ခေါင်းဆောင်ဖြစ်

တဲ့ အဖေကတော့ အဲလိုလုပ်လို့မရဘူး... တကယ်လို့

ဒီနေ့ တောင်းဆိုတာကို လက်ခံလိုက်ရတယ်ဆိုရင်...

သူ ဒီမျိုးနွယ်ကို ဘယ်လိုအုပ်ချုပ်နိုင်တော့မလဲ

ရှောင်မျိုးနွယ်စုအနေနဲ့ ဝူတန်မြို့မှာ ဘယ်လို

အရှေ့ဆက် သွားရတော့မလဲ... "

ရှောင်ယွင်စကားကိုကြားရပြီးနောက် နလန်ရိရွမ်

မျက်မှောင်ကြုံ့သွားသည်။ ခန်းမထိပ်မှာထိုင်နေတဲ့

ရှောင်ကျန်းကိုလည်း မသိမသာ လှမ်းကြည့်လိုက်

သည်။ ရှိရင်းစွဲအရွယ်ထက် ပိုအိုစာသွားပုံပေါက်နေတဲ့

ရှောင်ကျန်းကိုမြင်ရတော့ သူမလုပ်ရပ်အတွက်

စိတ်မကောင်းဖြစ်သွားသည်။ နှုတ်ခမ်းကိုက်လိုက်

မိသည်။ ဘာဆက်လုပ်ရမလဲ?.... ။ ခနတာ ငြိမ်

သက်သွားပြီးနောက် မျက်လွှာပင့်ပြီး ပုံမှန်လေသံ နဲ့ ပြောလိုက်သည်။

" ဒီနေ့လာတောင်းဆိုတဲ့ကိစ္စကို မဆင်မခြင် လုပ်

လိုက်မိတယ်...စိတ်မကောင်းပါဘူး... အဲဒါကြောင့်...

လက်ထပ်ဖို့သဘာတူထားတာကို ပြန်ရုတ်သိမ်းဖို့

ကိစ္စကို ခန နောက်ဆုတ်ထားလိုက်ပေးမယ်....

ဒါပေမဲ့ ကတိတခုတော့ ပေးရမယ်....!! "

" ဘာ ကတိလဲ.!! "

" ဒီနေ့ ပြန်ရုတ်သိမ်းဖို့ကိစ္စကို နောက်သုံးနှစ် ရွှေ့ဆိုင်း

ပေးမယ်။ နောက်သုံးနှစ်ကျရင် တိမ်မြူဂိုဏ်းကို လာပြီး

ငါ့ကို လာစိန်ခေါ်ပါ... ငါနိုင်ခဲ့ရင် အားလုံးရဲ့ရှေ့မှောက်

မှာ မင်္ဂလာကိစ္စဖျက်သိမ်းဖို့ ဆက်လုပ်မယ်..ပြီးတော့

ရှောင်မျိုးနွယ်ရဲ့ ဓလေ့အတိုင်း အရွယ်ရောက်ပြီးမို့

နင်လည်း တာဝန်တွေ ဘာတွေထမ်းဆောင်နေရလိမ့်

မယ်.. အဲ့ဒီတော့ နင်ရှုံးသွားရင်တောင်မှ ရှောင်ကျန်းနဲ့

ရှောင်မျိုးနွယ်ဂုဏ်းသိက္ခာကို သိပ်ထိခိုက်စေမှာ မဟုတ်

တော့ဘူး.... ဘယ်လိုလဲ သဘောတူလား.... "

အင်..ငါရှုံးနိမ့်သွားရင် အဖေသိက္ခာတော့ ကျမှာ

မဟုတ်တော့ဘူး။ ဒါပေမဲ့ ငါ့ဘဝတခုလုံး ရေစုန်မျော

သွားမယ်...အရှက်နဲအကျိုးတကွဲ ဖြစ်မှာကို ငါခေါင်းခံ

ရတော့မယ်... ဒီမိန်းမက တော်တော်ရက်စက်တာပဲ...

ရှောင်ယွင် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။

သူ ဒေါသထွက်ပေမဲ့ ဒီဘေးကြပ်နံကြပ်ကိစ္စကနေ

ဘယ်လိုရုန်းထွက်ရမလဲဆိုတာ အဖြေရှာမရဘူး။

" မိန်းခလေး ရိရွမ်... ရှောင်ယွင်ရဲ့ အခြေအနေကို

မသိတာလည်း မဟုတ်ဘူး... ဒါနဲ့တောင် သူကို စိန်ခေါ်

ခိုင်းတယ်... သူ့ကို အဲလိုစော်ကားနေရတာ သဘောကျ

နေတာလား... "

ရှောင်ကျန်း ဒုန်းခနဲ စားပွဲကို လက်ဝါးနဲ့ရိုက်ပြီး

စိတ်ဆိုးမာန်ဆိုး ဖြင့် မတ်တပ်ရပ်လိုက်သည်။

" ဦလေး ရှောင်ကျန်း... ဒီမင်္ဂလာကိစ္စကိုဖျက်သိမ်း

ရင် တယောက်မဟုတ် တယောက်ကတော့ ထိခိုက်မှာ

ပဲလေ ...ဦးလေးအတွက်သာ မတွေးပေးခဲ့ရင် ဒီနေ့

မင်္ဂလာကိစ္စကို သေချာပေါက် ဖျက်သိမ်းမှာ... ပြီးရင်

အားလုံးကိုလည်း ဒီအကြောင်း ကို အသိပေးမယ်... "

နလန်ရိရွမ် ဒေါသမျိုသိပ်ထားတာတွေ ပွင့်ထွက်လာ

ပြီး ရှောင်ယွင်ကိုလည်း အေးစက်စွာ အော်ပြော

လိုက်သည်။

" ဦးလေးရှောင်ကျန်းရဲ့ နာမည်ကို မထိခိုက်စေချင်ဘူး

မလား... အဲဒါဆိုရင်စိန်ခေါ်တာကို လက်ခံလိုက်ပါ

နောက်သုံးနှစ်လား.. အခုလား.. ဘယ်အချိန်ကို ရွေးချယ်မလဲ.... ?"

" နလန်ရိရွမ်... အဲ့လောက်ထိ အောက်ခြေလွတ်ပြီး

ကြီးကြီးကျယ်ကျယ်လုပ်စရာ မလိုပါဘူး....

စေ့စပ်ထားတာကို ဖျက်ဖို့တောင်းဆိုမှုရဲ့ အဓိက

အကြောင်းအရင်းက ငါ့လိုဒုက္ခိတ လူတယောက်က

မင်းနဲ့မထိုက်တန်ဘူးလို့တွေးနေတာမလား.. ဟဲဟဲ

တဲ့တိုးပြောလိုက်လို့ စိတ်မရှိပါနဲ့...ပြီးတော့ မင်းရဲ့

အလှအပကလွဲပြီး ကျန်တဲ့ မင်းရဲ့အကြောင်းတွေကို

ငါစိတ်မဝင်စားပါဘူး။ တိမိမြူဂိုဏ်းဆိုတာ အင်အား

တောင့်တင်းတယ်ဆိုတာ ငါလက်ခံပါတယ်.. ဒါပေမဲ့

ငါက ငယ်သေးတယ်.. ငါ့မှာ အချိန်အများကြီးရှိသေး

တယ်။ နောက်ပြီး အသက် ၁၂ နှစ်မှာ ငါ Dou Zhe ဖြစ်

ခဲ့တယ်... ဒါပေမဲ့ နလန်ရိရွမ် မင်း အသက် ၁၂ မှာ

ဘယ်အဆင့် ရောက်နေပြီးလဲ.... ? ဟားဟား

မင်းမှန်ပါတယ် အခု ငါ ဒုက္ခိတနီးပါးဖြစ်နေပြီး... ဒါပေမဲ့

လွန်ခဲ့သုံးနှစ်အချိန်က မဖြစ်နိုင်တဲ့ အရာတခုကို

ငါလုပ်ပြနိုင်ခဲ့တယ်...အခု အဲလိုမျိုး နောက်တခါ

မလုပ်ပြနိုင်တော့ဘူးလို့ ထင်ရသလဲ? နောက်တကြိမ်

ပါရမီရှင် ပြန်မဖြစ်နိုင်တော့ဘူးလို့ ထင်ကြရတာလဲ....

နလန်ရိရွမ်ရဲ့ နိုင်ထက်စီးနင်းတဲ့စကားကို ကြား

ရတာ ရှောင်ယွင်ရဲ့ ခံစားချက်တွေ ပေါက်ကွဲဆဲဆဲ

မီးတောင်လို ပြင်းထန်လာတော့သည်။ သူ့ရဲ့မျက်နှာ

ဟာ မယုံနိုင်လောက်အောင် မာကျောနေပြီး

သူ့စကားက အားလုံးကို တုန်လှုပ်သွားစေသည်။

အေးအေးဆေးဆေးနေတတ်တဲ့ ဒီလူငယ်ဟာ ပြော

တတ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ....

နလန်ရိရွမ် နှုတ်ခမ်းမဲ့ရွဲ့လိုက်၏။ ရှောင်ယွင်ကို

အရမ်းစိတ်ဆိုးနေသော်လည်း ငြင်းဖို့ အကြောင်း

အရာရှာမရခဲ့ဘူး။ ရှောင်ယွင်ပြောတာလည်း မှန်နေ

တာပဲ။ ဒုက္ခိတ မဖြစ်သေးတဲ့အချိန်မှာ ရှောင်ယွင်ဟာ

အသက် ၁၂ နှစ်နဲ့ Dou Zhe ဖြစ်ခဲ့တယ်. ရှောင်ယွင်

Dou Zhe ဖြစ်နေချိန်မှာ သူမ Dou Shi Qi အဆင့် ၈

ပဲ ရှိပါသေးတယ်။

" နလန်ရိရွမ်... မင်းအဖိုးမျက်နှာကြောင့် အကြံတစ်ခု

ပေးလိုက်မယ်... အခု ငါ အားနည်းနေလို့ ငါ့ကို လွယ်

လွယ်လေး ထင်သလိုအနိုင်ကျင့်လို့ရတယ်လို့ မတွေးနဲ့... "

ဓားသွား လို ထက်တဲ့ ရှောင်ယွင်စကားကို

ကြားရသည့်အခါ နလန်ရိရွမ် မျက်နှာတင်းမာသွားသည်။

" ဟားဟား.. မှန်တယ် ဘယ်လောက်ကောင်းတဲ့

စကားတခွန်းလဲ... အားနည်းနေချိန်မှာ လွယ်လွယ်လေး

ထင်သလို လာအနိုင်မကျင့်နဲ့ ဟားဟား...

ငါ့သားရှောင်ယွင်က သာမန်တယောက်တော့ မဟုတ်

ဘူးကွ... " ရှောင်ကျန်း မျက်လုံးက အားမာန်နဲ့ တက်ကြွ

လာ၏။ သူ၏ကြီးမားတဲ့ လက်ဝါးဟာ စားပွဲကို ဒုန်းခနဲ

ထပ်ရိုက်လိုက်သည်။ လက်ဝါးအရှိန်ကြောင့်

လက်ဖက်ရည်ပန်းကန်လုံးက ရေနွေးတွေ လွင့်စဉ်

ကုန်သည်။

ရှောင်ယွင်ကို အံကြိတ်ပြီး ကြည့်လိုက်သည်။ ရိရွမ်

ဒေါသအရမ်းထွက်လွန်း၍ ခေါင်းက မူးနောက်နောက်

ဖြစ်ချင်နေသည်။ သူမဟာ ငယ်ငယ်ကတည်းက အလို

လိုက်ခြင်းခံရသူတယောက်ဖြစ်ပြီး ယခုလို အရွယ်တူ

တယောက်က စော်ကားခြင်းကို ခံခဲ့ရသူမဟုတ်ပေ။

သူမ၏ အသံဟာ ပိုစူးရှလာ၏ " ဘာအတွက်ကြောင့်

ငါ့ကို အရှက်ခွဲနေရတာလဲ? မင်းအရည်အချင်းက

ပြိုင်ဘက်ကင်းတယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့

အခု မင်း အသုံးမဝင်တဲ့သူတယောက်ဖြစ်နေပြီးလေ..

ကောင်းပြီး.. ငါနလန်ရိရွမ် ကိုအနိုင်ယူနိုင်မဲ့နေ့ကို စောင့်

နေမယ်.. ဒီနေ့ ဖျက်သိမ်းတဲ့ ကိစ္စကို မပြောတော့ဘူး..

ဒီနေ့ကစပြီး နောက်သုံးနှစ် တိမ်မြူဂိုဏ်းမှာ ငါစောင့်

နေမယ်.. သတ္တိရှိရင်လာခဲ့ပါ... ဘယ်လောက်အထိ

ပြောင်းလဲသွားသလဲဆိုတာ.. ငါ့ကို လာပြလှည့်...

ငါ့ကို နိုင်ခဲ့ရင် ကျွန်မ နလန်ရိရွမ် ကျန်ရှိနေတဲ့ ဘဝ

တလျှောက်လုံး ရှောင်ယွင်အစေခံအဖြစ်နဲ့ နေပါ့မယ်...

" ဟုတ်ပြီး.. နောက်သုံးနှစ်ကြာလို့မှ ဒီလိုပဲ မသန်မစွမ်း

ဖြစ်နေဦးမယ်ဆိုရင်တော့ လက်ထပ်ဖို့ သဘောတူထား

တာကို ဖျက်သိမ်းဖို့ ပြင်ဆင်ထားလိုက်ပါ... "

ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ နလန်ရိရွမ် မျက်နှာကို ကြည့်

ပြီိး ရှောင်ယွင် လှောင်ရယ်လိုက်သည်။

" နောက်သုံးနှစ် စောင့်စရာမလိုပါဘူး... ငါ့မိန်းမဖြစ်ဖို့

လာတောင်းပန်ရင်တောင် မင်းကို မလိုချင်တော့ဘူး.. "

ပြောပြီးသည်နှင့် အေးစက်စက်အကြည့်နဲ့ နလန်

တို့ အုပ်စုကို ဂရုမစိုက်ဘဲ နောက်လှည့်လိုက်သည်။

စားပွဲတခုဆီကို လျှောက်သွားပြီး စာရွက်တရွက်ကို

ယူကာ စာရွက်ပေါ်မှာ တခုခု ရေးခြစ်သည်။

စာရွက်ပေါ်မှာ စာတွေ တဖြည်းဖြည်းနဲ့ ရုပ်လုံး

ပေါ်လာပြီး နောက်ဆုံး စုတ်တံကို သိမ်းလိုက်သည်။

ရုတ်တရက် စားပွဲပေါ်က ဓားမြောင်ကို ညာဘက်

လက်ဖြင့်ကိုင်လိုက်ပြီး ဘယ်လက်ဖဝါးကို လှီးလိုက်

သည်။ ထွက်လာတဲ့သွေးဖြင့် လက်ဝါးတပြင်လုံး

သုတ်လိုက်သည်။

သွေးပေနေတဲ့ လက်ဝါးကို စက္ကူဖြူပေါ်မှာ ဖိနှိလိုက်

သည်။ ထင်ရှားတဲ့ အနီရောင် လက်ဝါးရာ စက္ကူပေါ်မှာ

ထင်သွားသည်။

စာချုပ်ကို ပေါ့ပါးစွာ ကောတ်ယူလိုက်ပြီး ရှောင်ယွင်

အောင်ပွဲခံ ရယ်မောလိုက်သည်။ ရိရွမ်ဆီကို လျှောက်

သွားလိုက်ပြီး စားပွဲပေါ် စာချုပ်ကို ပစ်ချလိုက်သည်။

" ရှောင်ယွင်ဆိုတဲ့ငါက ထူးချွန်တဲ့ တချို့မိန်းမတွေ

ကို အထင်ကြီးတယ်လို့ ထင်ရဲသလား... အဲဒီစာချုပ်က

လက်ထပ်သဘောတူညီချက်ဖျက်သိမ်းတာကို လက်ခံ

တဲ့စာချုပ်မဟုတ်ဘူး... ဒီနေ့ ငါ နင်ကို ပြတ်စဲလိုက်ပြီး

ရှောင်မျိုးနွယ်နဲ့ နင်နဲ့ လုံးဝမသက်ဆိုင်တော့ဘူး... "

" နင် ငါ့ကို ပြတ်စဲရဲတယ်... "

သွေးစွန်းနေတဲ့ စာချုပ်ကို ကြည့်ပြီး နလန်ရိရွမ် လုံးဝ

မယုံကြည်နိုင်စွာ မျက်လုံးအစုံ ပြူးကျယ်သွားသည်။

သူမ၏အလှအပ၊အရည်အချင်း၊နောက်ခံအသိုင်းအဝိုင်း

အဲဒါတွေ ပြည့်စုံနေတာတောင် ဒီလို မျိုးနွယ်ငယ်တခုရဲ့

ဒုက္ခိတယောက်က ပြတ်စဲရဲတယ်လား? ရုတ်တရက်

အဖြစ်အပျက်ဟာ အိမ်မက်မက်နေသလိုပဲ..

နလန်ရိရွမ်ရဲ့ အဲ့သြနေတဲ့ မျက်နှာကို အေးစက်စွာ

ကြည့်လိုက်ပြီး ရှောင်ယွင် နောက်လှည့်လိုက်ပြီး

ရှောင်ကျန်းအရှေ့မှာ ဒူးထောက်လိုက်ပြီး ကန်တော့

သည်။ အောက်နှုတ်ခမ်းကို ဖိကိုက်ထားပြီး စကား

တခွန်းမှ မဆိုတော့။

ရှောင်ယွင်ဟာ နလန်ရိရွမ်ကို ပြတ်စဲလိုက်တဲ့

သတင်းသာ ပျံ့သွားရင် ဒီသတင်းကို ဘယ်သူမှယုံမှာ

မဟုတ်ဘူး။ အဖြစ်အပျက်မသိတဲ့သူတွေကတော့

နလန်ရိရွမ်က ရှောင်မျိုးနွယ်ကို သူ့ရဲ့နောက်ခံအင်အား

ကိုအသုံးပြုပြီး လက်ထပ်သဘောတူညီမှုကို အတင်း

အကြပ်ဖျက်သိမ်းခိုင်းတယ်လို့ ထင်မိကြမည်။ ပြီးတော့

ရိရွမ်၏ အလှအပ အရည်အချင်း နောက်ခံအင်အား

စတာတွေဟာ ရှောင်မျိုးနွယ်က ဒုက္ခိတယောက်က

ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ တိမ်မြူဂိုဏ်း၏ ဂိုဏ်းချုပ်

လောင်းတယောက်ကို ရှောင်ယွင်ဘက်ကနေ မကွာ

ရှင်းရဲလောက်ဘူးလို့ တွေးကြမှာပဲ။ အဲဒါတွေကြောင့်

တလောကလုံးရဲ့ တံတွေးခွက်မှာ ရှောင်ယွင်အဖေ

ရှောင်ကျန်း ပက်လက်မျောမှာတော့ သေချာတယ်။

ဒူးထောက်ထားတဲ့ ရှောင်ယွင်ကိုကြည့်ပြီး သူ့သား

ဘယ်လိုခံစားနေရသလဲဆိုတာ နားလည်နေသည်။

ရှောင်ကျန်း အားကိုးမဲ့စွာ ပြုံးလိုက်သည်။

" ငါ့သား အမြဲ ဒုက္ခိတ မဖြစ်နေဘူးဆိုတာ ငါယုံတယ်...

လူတွေ အမှန်တရားကို သိလာတဲ့အချိန်ကျရင်

အတင်းအဖျင်းတွေက ပျောက်ကွယ်သွားမှာပါ... "

" အဖေ... သား နောက်သုံးနှစ်ကျရင် တိမ်မြူဂိုဏ်းကို

သွားပြီး ဒီနေ့ အရှက်ရခဲ့တာတွေကို ပြန်ဆပ်ခိုင်းမယ်.. "

ရှောင်ယွင် မျက်ရည်စတွေနဲ့ ဖခင်ကို ထပ်မံကန်တော့

လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ပြီးသည်နှင့် တခါ

တည်း ခန်းမကြီး၏တံခါးမကြီးဆီိ လျှောက်လှမ်းသွား

သည်။

နလန်ရိရွမ်အရှေ့ရောက်သွားတဲ့အခါမှာတော့

ခနရပ်လိုက်ပြီး အေးစက်စွာဖြင့်

" နောက်သုံးနှစ် ငါလာခဲ့မယ်... "

တံခါးမကြီးဆီကို ထွက်ခွာသွားတဲ့ ရှောင်ယွင်...

နေရောင်အောက်မှာ သူ့အရိပ်က ရှည်လျားဝေးဆဲ

ကြည့်ရတာ သူ အထီးအကျန်သမားလိုပဲ...

နလန်ရိရွမ် စကားပြောဖို့ဟလိုက်ပေမဲ့ အသံမထွက်

လာခဲ့ပေ။ တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ ရှောင်

ယွင်ကို ငေးကြည့်သည်။ သူမလက်ပေါ်က စာချုပ်ဟာ

တောင်တလုံးလို လေးလံနေသည်ဟု ခံစားနေရသည်။

" အဟမ်း ကဲ မင်းတို့ရည်မှန်းချက်လည်းပြည့်ပြီးဆို

တော့ ပြန်လို့ရပြီး.. "

တဖြည်းဖြည်းထွက်ခွာသွားတဲ့ ရှောင်ယွင်ကိုကြည့်ပြီး

ရှောင်ကျန်း မျက်နှာကို ဘာမှမဖြစ်သလိုဟန်ဆောင်

ထားပေမဲ့ အင်္ကျီလက်ရှည်ထဲက တင်းနေအောင်ဆုပ်

ထားတဲ့ လက်သီးကတော့ သွေးရောင်ပင် မရှိတော့ပေ။

" ရှောင်ဦးလေး.. ဒီနေ့အဖြစ်အပျက်အတွက် တောင်း

ပန်ပါတယ်... တကယ်လို့ အချိန်ရခဲ့ရင် နလန်မျိုးနွယ်ဆီ

ကို အလည်လာခဲ့ပါ.. "

မျက်နှာတင်းမာနေတဲ့ ရှောင်ကျန်းကို ဦးညွတ်နှုတ်ဆက်

လိုက်သည်။ နလန် ဘာစကားမှလည်း ထပ်မဆိုချင်

တော့။ အလျင်အမြန်ပဲ ထပြီး ခန်းမကြီးတံခါးဆီ သွား

သည်။ သူမအနောက်ကို ကုရဲနှင့်လူငယ်တို့ အလျင်မြန်

လိုက်သွားသည်။

" အတွင်းစွမ်းအင်စုစည်းဆေးကို ယူသွားလိုက်ပါ.."

ရှောင်ကျန်း ကျောက်စိမ်းသေတ္တာကိုပစ်ပေးလိုက်သည်။

ကုရဲ လျင်မြန်စွာဖမ်းလိုက်သည်။ မခိုးတရို့ပြုံးပြီး

ကျောက်စိမ်းသေတ္တာကို လက်စွပ်ထဲ သိမ်းလိုက်သည်။

" မိန်းခလေး နလန်! ဒီနေ့ မင်းရဲ့အပြုအမူအတွက်

နောင်တမရပါစေနဲ့လို့ မျှော့်လင့်ပါတယ်...မင်းအတွက်

တိမ်မြူဂိုဏ်းရှိနေရင် ဘာမဆိုလုပ်လို့ရတယ်လို့ မထင်

လိုက်ပါနဲ့...ယွင်ယွင်ထက် ပိုအဆင့်မြင့်တဲ့သူတွေ

အများကြီးရှိသေးတယ်... "

နလန်ရိရွမ် ခန်းမအဝ ရောက်ခါနီးမှာ မိန်းခလေး

တယောက်၏ အေးစက်ကြည်လင်တဲ့ အသံ

အနောက်ကနေ ထွက်ပေါ်လာတယ်။

သုံးယောက်သားခြေလှမ်းရပ်လိုက်ပြီး အသံထွက်

လာတဲ့နေရာကို လှမ်းကြည့်လိုက်သည်။ ခရမ်းရောင်

အဝတ် ဝတ်ဆင်ထားပြီး စာအုပ်တအုပ်ကို ဖြည်းဖြည်း

ချင်း လှန်ဖတ်နေတဲ့ မိန်းခလေးကို တွေ့လိုက်သည်။

ပြတင်းပေါက်ကနေ နေရောင်ခြည် ဖြာဆင်းနေပြီး

သူမကိုယ်ပေါ်မှာ လွှမ်းခြုံထားသည်။ အဝေးက ကြည့်

ရင် ကောင်းကင်ဘုံက ခရမ်းရောင် ကြာပန်း ပွင့်လန်း

နေသလို သန့်ရှင်းပြီး ကျက်သရေရှိသည်။

သုံးယောက်သားတို့၏အကြည့်ကို ခံစားမိတဲ့အခါ

သူမ ခေါင်းမော့လိုက်သည်။ ဆောင်းဦးလို ကြည်လင်တဲ့

သူမမျက်ဝန်းတွေထဲမှာ ရွှေမီးလျှံလိုမျိုး တောက်ပနေ

သည်ကို တွေ့လိုက်ရသည်။

ကောင်မလေး၏မျက်ဝန်းထဲက အလင်းတန်းကို

ကြည့်ပြီး ကုရဲ တကိုယ်လုံးတောင့်တင်းသွားပြီး

သူရဲ့ မျက်နှာမှာ ကြောက်လန့်တဲ့အမူအရာ ဖြစ်လာသည်။

ဇဝေဇဝါ ဖြစ်နေတဲ့ နလန်ရိရွမ်နှင့် လူငယ်ကို ပိန်ရှံ့နေ

တဲ့ သူ့လက်ဖြင့် ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး ခန်းမကြီး

ကနေ ထွက်ပြေးသွား၏။ သူ့အသက်အတွက် ကြောက်

လန့်နေသကဲ့သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

ကုရဲ၏အပြုအမူကို ကြည့်ပြီး တချို့တလေကသာ

သဘောပေါက်ပြီး ကျန်တဲ့သူတွေကတော့ စိတ်ရှုပ်

ထွေးစွာ ကျန်ခဲ့သည်။

////////////////